လဲချားမြို့နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်​များ စိုက်ပျိုးထားရှိရန် Treeguardများ ကာရံခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိ

လဲချား ဇူလိုင် ၁၇

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေး " ဥတုရာသီ တောကိုမှီ "ဆိုသည့်အတိုင်း ရာသီဥတုဖောက်ပြန်မှု၊ ရေမြေတောတောင်များပျက်စီးမှုအန္တရာယ်တို့ကို ကြိုတင်ကာကွယ်ရန် နှင့် ရာသီဥတုမျှတကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်ရေးအတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် မိမိတို့ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးပင်များကို စိုက်ပျိုးရန်အတွက် Treeguard များ ကာရံခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာနမှ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ချယ်ရီ၊ မျောက်ငိုပင်တို့ကို လဲချား-မိုင်းနောင်လမ်းဘေးရှိ နောင်ခမ်းကန်ပတ်လည်တွင် စိုက်ပျိုးရန်အတွက် Treeguardများ ဆောင်ရွက်ထားရှိကြောင်း‌ သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)