မင်းလှမြို့တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မင်းလှ ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်က ကျောင်းသား/သူလေးများကို အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း အသိပညာပေးဟောပြောပြီး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ၁၉ ဇူလိုင်မမေ့နိုင်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပရာ အ.မ.က(လွန်)ဇေယျဝတီမှ (အလယ်တန်းဆင့်) ကျောင်းသား/ သူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်ရှားပါးမှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် သမိုင်းအကြာင်းအရာများပါဝင်သည့် နံရံကပ်စာစောင်နှင့် အသိပညာပေးစာအုပ်စာစောင်များကို ပြသခဲ့ရာ ဆရာ ဆရာမများ၊ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပေါက်စ