ဘိုကလေး မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် ဘိုကလေး-စက်ဆန်းကားလမ်းမပေါ်ရှိ နဒီအထူးကုဆေးကုသခန်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောရာသို့ နဒီအထူးကုဆေးကုသခန်းမှဝန်ထမ်းများ တက်ရောက်ကြပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်က မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များအား အသိပညာပေး ဟောပြော၍ ဆီမီးလောင်မှု၊ ဂက်(စ်) မီးလောင်မှုတို့အား ငြှိမ်းသတ်နည်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူသရုပ်ပြပြီး ဆေးကုသခန်းမှဝန်ထမ်းများအား လက်တွေ့ မီးငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။
မိုးစက်