စစ်ကိုင်း မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရထားစက်မှုသင်တန်းကျောင်း(ရွာထောင်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၆/၂၀၂၅-၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒီဇယ်စက်ခေါင်း စက်ရုံ(ရွာထောင်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)၊ အထွေထွေမန်နေဂျာ ဦးအောင်ကျော်နိုင်က သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့သည်။
အဆိုပါ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလရက်သတ္တ (၃) ပတ် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်