ကွန်ဟိန်း မတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအား ယနေ့နံနက် (၉) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာက ကျောင်းသား၊ ကျောင်းသူများ အသိပညာစွမ်းရည်များတိုးတက် မြင့်မားအောင် စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာ ဗဟုသုတ တိုးပွားမည်ဖြစ်ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာအုပ်စာပေတွေကနေ ရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် စာအုပ်များ ငှားရမ်းပေးခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)