ကျွန်းလှမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်မည်

ကျွန်းလှ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအားကစားနည်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ Myanmar Fitness Dance၊ အေရိုးဗစ်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြများဖြင့် စနစ်တကျသင်ကြားမည် ဖြစ်ကြောင်း၊ အားကစားသမားများ မည်သူမဆိုလာရောက်တက်နိုင်ပြီး သင်တန်းကာလမှာ ရက် ၂၀ ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။

မျိုးဝင်းညို ကျွန်းလှ