ရေကြည် ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းချစ်အေးနှင့်ဌာနဆိုင်ရာ အကြီးအကဲများသည် ဇူလိုင်လ (၁၇) ရက်နေ့ နံနက် (၉) နာရီအတွင် ရေကြည်မြို့နယ်၊ ငဝန်မြစ်ကမ်းတစ်လျှောက် မြစ်ရေမြင့်တက်လာမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကွင်းလျားကျေးရွာအုပ်စု၊ အ.ထ.က(ခွဲ)ကွင်းလျားကျောင်းတွင် ဆရာ၊ ဆရာမများ ကျောင်းသူ/သားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နေထိုင်ရေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကျန်းမာရေးဂရုပြုနေထိုင်ရန်နှင့် ဆရာ၊ ဆရာမများမှ ကျောင်းလိုအပ်ချက်များ တင်ပြလာမှုအပေါ် ဆောင်ရွက်ပေးမည့်အရာများနှင့် လိုအပ်သည်များအား မှာကြားခဲ့ပြီး သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစုကျေးရွာ အ.မ.က(မူလွန်)ကျောင်းသို့ ရောက်ရှိပြီး သဘာဘေးအန္တရာယ်နှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များမှာကြား၍ သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များပေးအပ်ခဲ့ပြီး မကျည်းလဟာကျေးရွာ အမှတ်(၄)ရေကင်း စခန်းသို့ ရောက်ရှိကာ ငဝန်တာကြံ့ခိုင်မှု ရှိ/မရှိ၊ မြစ်ရေတက်မှုအခြေနေအား ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပြီး ဘွဲ့ငူကျေးရွာ၊ အမှတ်(၃)ရေကင်းစခန်းသို့ ရောက်ရှိကာ မြစ်ရေတက်မှုအခြေအနေနှင့် တာအခြေအနေအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါကြောင်း သိရသည်။
မေသန့်ဇင် (ပြန်/ဆက်)