သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

သရက်ချောင်းမြို့၊ အ.ထ.က သရက်ချောင်းကျောင်း၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ သရက်ချောင်း ဇူလိုင် ၂၀ မြို့နယ်(ပြန်/ဆက်)

အာဇာနည်နေ့တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားစွာ လေ့လာကြည့်ရှု

၂၀၂၄ ခုနှစ် ဇူလိုင်၁၉ရက် ယမန်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် အာဇာနည်နေ့၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ရဟန်းရှင်လူပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ဝါဆိုလပြည့်နေ့တွင် မုဒုံမြို့ရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကား

ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘုရားစေတီကျောင်းကန်များ၌ ဥပုသ်သီလဆောက်တည်သူများ ကုသိုလ်ဒါနပြုလုပ်သူများဖြင့် စည်ကားလျက်ရှိသည်။

ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်(၆း၃၀)အချိန်က ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်ကြီးများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ကျော်၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်စေတနာရှင်များ တက်ရောက်ကြသည်။

ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့၌ ကျိုက်မရောမြို့ ရှိဘုရားကျောင်းကန်များ၌ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွက်အမြတ်ထားရာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့၌ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့်ဘုရားကြီးနှင့် ဘုန်းကြီးကျောင်းများ၌ ဝါဆိုလပြည့်နေ့အခါသမယ၌ ဝါဆိုသင်္ကန်းဆက်ကပ်သူများ၊ အလှူဒါနပြုသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့်  အထူးစည်ကားများပြားလျက်ရှိသည်။

မုံရွာတက္ကသိုလ်၌ မြန်မာအက အခြေခံသင်တန်း ဖွင့်လှစ်

မုံရွာတက္ကသိုလ်အနုပညာအသင်းကကြီးမှူးပြီး မြန်မာအကဝါသနာပါသူ ရွက်ပုန်းသီးလေးများဖော်ထုတ်ပေးရန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုအကပညာကို မြတ်နိုးတန်ဖိုးထားတတ်လာစေရန်၊ မုံရွာတက္ကသိုလ်ရဲ့ ပြုလုပ်တဲ့အခမ်းအနားတွေမှာကပြမယ့် မြန်မာအကအဖွဲ့များအသင့်ရှိနေစေရန်နှင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွေမှာ အကပြိုင်ပွဲဝင်သူများတိုးပွားလာစေရန်တို့ရည်ရွယ်ပြီး မြန်မာအက အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူး ဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ အနုပညာအသင်းအဖွဲ့ဝင်များ၊ အကပညာရှင်ဆရာမများနှင့်ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့

​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ သာယာမိုးရပ်ကွက်၊ ကျွန်းကျေးရွာနှင့် ညံတောအင်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လယ်၃နာရီက ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူ ပူဇော်ပွဲနှင့် (၁၅၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် (၁၅၈) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီလိုဏ်တော်အတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးမိုး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက စေတီတော်ကြီးလိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင် ပြည့်ဘုရားကြီးအား ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

မိုင်းယန်းမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။
Subscribe to