ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။

ဒဂုံမြို့နယ်တွင် အာဇာနည်နေ့အခမ်းအနားတက်ရောက်မည့် နိုင်ငံရေးပါတီများကို ဧည့်ခံကြိုဆို၍ ကူညီဆောင်ရွက်ပေး

ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အာဇာနည်လမ်း၊ ပခုက္ကူဓမ္မာရုံ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်၍ လွမ်းသူပန်း‌ခွေ၊ ပန်းခြင်းချအလေးပြုမည့် နိုင်ငံရေး(၃၄)ပါတီ၏ ကိုယ်စားလှယ်များကို ယနေ့နံနက်  ၆ နာရီအချိန်တွင် နံနက်စာ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းငချိတ်၊ အကြော်၊ လက်ဖက်ရည်၊ ကော်ဖီများဖြင့် တည်ခင်းဧည့်ခံပြီး ၈ နာရီ ၄၄ မိနစ်တွင် မော်တော်ယာဉ်ပေါ်သို့ ပါတီ ပန်း‌‌ခွေ၊ ပန်းခြင်း တင်ဆောင်‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး‌‌ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ လူငယ်များလူကုန်ကူးမှုအန္တရာယ် မကျရောက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။

မြဝတီမြို့၌ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အခွန်အထောက်အကူပြုအဖွဲ့မှ မြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းရှင်များ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်၊ City Home ခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to