ကော့သောင်း ဇူလိုင် ၂၀
ကော့သောင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၏ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားအား ယနေ့နံနက်(၆း၃၀)အချိန်က ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ရာ ဆရာတော်သံဃာတော်ကြီးများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တင်မောင်ကျော်၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်စေတနာရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသူများက ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြကာ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း ရုပ်သိမ်းခဲ့သည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များအား တာဝန်ရှိသူများနှင့်ဧည့်ပရိတ်သတ်များက အရုဏ်ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)