ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့တွင်(၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲတော်နှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကား
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာနေ့ (၅၂)ကြိမ်မြောက် ဝါတွင်းတရားပွဲကို ယနေ့နံနက်(၁၀)နာရီက ရင်ပြင်ပေါ်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၌ ပုညသုခကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တမေဓာနန္ဒနမှ ကိုးပါးသီလနှင့်ဝါဆိုသင်္ကန်းကပ်တရား၊ ရေစက်ချတရားတော်များ ဟောကြားခဲ့ကြောင်း သိရသည်။