မင်းဘူးမြို့သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး အဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်

မင်းဘူး ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက် ကေလာသဖ တောင်ကုန်းပေါ်ရှိ သမိုင်းဝင်ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား အဆင့်မြှင့်တင်၍ ပြုပြင်မွန်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရှင်ပင်စက္ကိန်းတဲ ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းထံမှ သိရသည်။

ထိုရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးနှင့် အရံစေတီတော် (၈) ဆူတို့အား ငွေကျပ် သိန်း ၃၀၀၀ ခန့်ဖြင့် ရွှေသင်္ကန်း ကပ်လှူပူဇော်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လတွင်လည်း စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များကို ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များ တင်လှူပူဇော်သွားမှာ ဖြစ်သလို ဘုရားကြီးမှ အဆင်းလမ်း ၆၀၀ ပေ၊ အတက်လမ်း ၈၇၅ ပေတို့အား ရပ်နီး၊ ရပ်ဝေးမှ ရဟန်းရှင်လူ ဘုရားဖူး ပြည်သူများ အဆင်ပြေပြေ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် ရိုးရိုးကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းများမှ အဆင့်မြှင့်တင်ကာ နိုင်လွန်ကတ္တရာလမ်းအဖြစ် ပြုပြင် ဆောင်ရွက်သွားမှာဖြစ်သောကြောင့် ယခုနှစ်တွင် ရွှေသင်္ကန်းကပ်လှူခြင်း၊ ရွှေထီးတော်များ တင်လှူခြင်းနှင့် အတက်၊အဆင်းလမ်းများအား နိုင်လွန်ကတ္တရာခင်းခြင်းစသော အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတော်မြတ်ကြီး ဘဏ္ဍာထိန်းဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်းက ပြောသည်။

ဇေယျာထက်(မင်းဘူး)