ရွှေဘိုမြို့​အောင်​မြေ ​ကျောင်းထိုင်ဘုန်းကြီးသင်တန်း​ကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်​တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲ ကျင်းပ 

ရွှေဘို  ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း​ဒေသကြီး၊​ ရွှေဘိုခရိုင် ရွှေဘိုမြို့ အောင်​မြေကျောင်းထိုင်ဘုန်းကြီးသင်တန်း​ကျောင်းတွင် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်​တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ​​အောင်​မြေဘုန်းတော်ကြီးကျောင်းခန်းမတွင် ကျင်းပရာ တက်​​ရောက်လာသူများမှ န​မောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး​ ပုခန်းဆရာ​တော် အရှင်သူမြတ်ထံမှ (၅)ပါးသီလခံယူ​ဆောက်တည်ခဲ့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်​ရေးမှူး ဦးညီညီ​အောင်၊ အဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဦး​အောင်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများမှ လှူဖွယ်ပစ္စည်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ ပါဠိကာရီတုလွတ်​ကျောင်းဆရာ​တော် အရှင်သူမြတ်မှ အနု​မောဒနာတရား​ ဟောကြားချီးမြှင့်ခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ​ရေစက်သွန်းချ အမျှ​ပေး​ဝေခဲ့ကြသည်။    

ဆရာ​တော်သံဃာ​တော်များမှ ​မေတ္တာသုတ်ပရိတ်တရား​တော်များ ရွတ်ပွားသရဇ္ဈယ်ခြင်းများ ပြုလုပ်​ပေးခဲ့ပြီး "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီး​မြောက်​အောင်မြင်ခဲ့​သည်။ ထို့​နောက် ဆရာ​တော် သံဃာ​တော်များအား၊​နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဝတ္ထု​ငွေ စုစု​ပေါင်း တန်ဘိုး (၈၁၀၀၀၀၀ိ/-)​ကျော် လှူဒါန်း​နိုင်ခဲ့​ကြောင်း သိရသည်။

​အေးမြင့်စန်း