ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါးစိုက်နည်းစနစ်(၃)မျိုး ကွင်းသရုပ်ပြပွဲတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်နည်းစနစ်(၃)မျိုး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ စံပြစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။

မြို့သစ်မြို့၏ ကျက်သရေဆောင် "လှိုင်နံ့သာ" စေတီတော်ကြီးတွင် ဓမ္မာစကြာ အခါတော်နေ့ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြိူ့သစ်မြို့နယ် ကျက်သရေဆောင်"သာလေးသာသမိုင်းဝင်လှိုင်နံသာ" စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက စေတီတော်ကြီး၏" ဓမ္မပါလဓမ္မာရုံ"တွင် ကျင်းပသည်။

မိုးညိုမြို့နယ်၌ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်ခဲ့သည့်အတွက် ရေဘေးသင့် ကယ်ဆယ်ရေးစခန်းများ၌ ယာယီနေထိုင်ကြသည့် ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။        

မင်းလှမြို့နယ် ရွှေဘုန်းသာဘုရားဝန်းအတွင်း၌ မဟာမုနိရုပ်ပွားတော်မြတ်သီတင်းသုံးမည့် ဂန္ဓကုဋိတိုက်တော်နှင့် အာရုံခံတန်ဆောင်းတော်တည်ဆောက်ရန် ပန္နက်‌တော်တင်မင်္ဂလာ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာဝင်းအတွင်း၌ မဟာမုနိရုပ်ပွားတော်မြတ်သီတင်းသုံးမည့် ဂန္ဓကုဋိတိုက်တော်နှင့် အာရုံခံတန်ဆောင်းတော် တည်ဆောက်ရန်ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရွှေဘုန်းသာ ဘုရားဝင်းအတွင်း၌ ကျင်းပခဲ့သည်။

ကလောမြို့နယ်၌ ဓမ္မစကြာပါဠိတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့်အောင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးစီးကျင်းပသော ဓမ္မစကြာပါဠိတော် ရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အောင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဓမ္မစကြာရိပ်သာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်လုံးကျွတ် တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်း၍ မြို့နယ်လုံးကျွတ် တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ဟိုခံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်းများ စတင်မိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းကျင်းပသော အရေးပေါ်လူနာတင်ယာဥ်လုပ်ငန်း မိတ်ဆက်ခြင်းအခမ်းအနားကို ဇူလိုင်လ(၁၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပြည်ရွှေဆံစေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကား

ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဝါဆိုပန်းကပ်လှူသူကြများ၊ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။

မြန်အောင်တာမိုင် ၁၅/၀ ပန်းတာရေထုတ်တံခါး ရေယိုစိမ့်မှု မရှိစေရန်နှင့် ရေတံခါးခိုင်ခန့်မှုရှိစေရန် စုပေါင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကနောင်မြို့အိုးဘိုကျေးရွာအုပ်စု မြန်အောင်တာမိုင် ၁၅/၀ ပန်းတာ ရေထုတ်တံခါး ရေယိုစိမ့်မှု မရှိစေရန်နှင့် ရေတံခါး ခိုင်ခန့်စေရန်  ဇူလိုင် ၁၈ ရက်နေ့က ကနောင်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများ တပ်ကုန်း​မြို့နယ်အတွင်း မြို့နှင့်အလှမ်းဝေးသည့် စိန်ပန်းပင်ကျေးရွာဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးဌာနမှ အင်ဂျင်နီယာမှူး ဦးအောင်ဇော်ဇော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ် အိုင့်ကျယ်ကျေးရွာအုပ်စု၊ စိန်ပန်းပင်ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အဆိုပါ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Subscribe to