လှိုင်းဘွဲမြို့နယ်၊ ကျောက်တောင်ကျေးရွာ ဖောင်တော်ဦးစခန်း၌ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) စုပေါင်းစိုက်ပျိုး

ကရင်ပြည်နယ်အတွင်း ကော်ဖီစိုက်ပျိုးဧက (၁၀၀၂၉)ဧကမှ ကော်ဖီအစေ့အဆံတန်ချိန် (၂၁၂၂၉ ဒဿမ၆) တန်ခန့်ထွက်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံးစာရင်းတွင် ပါဝင်သော ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ယခုနှစ်တွင် ကရင်ပြည်နယ်၌ ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ တာပေါင်ကျေးရွာအုပ်၊ ကျောက်တောင်ကျေးရွာ၊ ဖောင်တော်ဦးစခန်း၌ မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ)ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်နှင့် စပါးတိုက်ရိုက်အစေ့ချကိရိယာဖြင့် စိုက်ပျိုးသရုပ်ပြခြင်းအခမ်းအနား ကျင်းပ

၂၀၂၄ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်နှင့် တောင်သူများအား မျိုးစပါး၊ ယူရီးယားမြေဩဇာ၊ စပါးတိုက်ရိုက်အစေ့ချကိရိယာ (Drum Seeder) အခမဲ့ပေးအပ်ထောက်ပံ့ခြင်းနှင့် သရုပ်ပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့တွင် ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ကျိန္တလီမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show )ကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ သမိုင်းဝင်မဟာဓမ္မရာဇိကရွှေမြင်တင်စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့အား တင်လှူပူဇော်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁ဝ မိနစ်အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ရှိ ဝဥစိုက်တောင်သူများ ဝဥပေါ်ချိန်တွင် စျေးကောင်းရရန်မျှော်လင့်

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့သည် လယ်ယာစိုက်ပျိုးရေးအပြင် ဒေသတွင်းစိုက်ပျိုးရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းအား ယနေ့အချိန်တွင်  တစ်ပိုင်တစ်နိုင်သာမက စျေးကွက်စီးပွားရေးအဖြစ်သို့ အသွင်ကူးပြောင်းစိုက်ပျိုးလျက်ရှိ‌ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ ဘုရားပုထိုးစေတီများတွင် ဝါဆိုပန်းကပ်သူများ ပေါက်ပေါက်ပန်း ကပ်လှူသူကလေးငယ်များဖြင့် စည်ကားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ဖြစ်သည့် ယမန်နေ့တွင် မွန်းလွဲ ၂ နာရီခန့်မှ စတင်၍ မြို့ပေါ်ရှိ ဘုရားပုထိုးစေတီများတွင် ဝါဆိုပန်းကပ်လှူသူများ၊ ဝါဆိုပေါက်ပေါက်ပန်း ကပ်လှူသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား သောက်သုံးရေများ ကူညီထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်လျက်ရှိရာ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများထံ သွားရောက်ကာ သောက်သုံး‌ရေများကူညီထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

လဲချားမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန် ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လဲချားမြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှ ခေတ္တယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန်ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လဲချားမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်း ပရဟိတမိသားစုမှ တောဇွန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က တောဇွန်တဲတိုက်သို့ သောက်သုံးရေသွား ရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်းတာဝန်ရှိသူ ဦးဝင်းမင်းထွန်းထံက သိရသည်။
Subscribe to