ဘိုကလေးမြို့နယ်ရှိ ထော်လာဂျီများအား လိုင်စင်အသစ်နှင့် သက်တမ်းတိုးခြင်းများ ကွင်းဆင်းဆောင်ရွက်

ဘိုကလေး ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်မှစ၍ မြို့နယ်တွင်းရှိ ထော်လာဂျီများအား လိုင်စင်အသစ်ဆောင်ရွက်ပေးခြင်းနှင့် လိုင်စင်သက်တမ်းလွန် ထော်လာဂျီများအား သက်တမ်းတိုးပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်။

ဆောင်ရွက်ပေးရာတွင် ဖျာပုံခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်လှည့်အဖွဲ့အနေဖြင့် ဘိုကလေးမြို့နယ်သို့ ကွင်းဆင်း၍ တစ်ကြိမ်တစ်ခါမျှ လိုင်စင်မပြုလုပ်ရသေးသော ထော်လာဂျီများအား လိုင်စင်အသစ် ဆောင်ရွက်ပေးခြင်း၊ လိုင်စင်ရှိသော်လည်း ခွင့်ပြုသက်တမ်းကျော်လွန်နေသော ထော်လာဂျီများအား သက်တမ်းတိုးပေးခြင်းတို့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဘိုကလေးမြို့နယ်၊ စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် လုပ်ငန်းဆက်စပ် တာဝန်ရှိဌာနများကလည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)