မိုင်းဆတ်မြို့၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မိုင်းဆတ် ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေအား ယမန်နေ့ မွန်းတည့် (၁၂) နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က မယ်နင်ကျေးရွာအုပ်စု၊ နောင်ဖာကျေးရွာ ကွင်းအမှတ် (၂၅) တွင် တောင်သူဦးယောသ၏ လယ်မြေတွင် စိုက်ပျိုးလျက်ရှိသည့် ဧည့်မထ(လတ်) ဒေသအခေါ် (နောင်ဘို) မျိုးစပါးသည် (၁) ဧကလျှင် (၈၅) တင်းနှုန်းထွက်ရှိကြောင်း ဦးယောသမှ ရှင်းလင်းတင်ပြခဲ့ပြီး မိုးစပါးစိုက်ပျိုးနေမှုကို တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ စပါးအထွက်နှုန်း ကောင်းမွန်စေရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်စပါးများ ရွေးချယ်စိုက်ပျိုးကြရန် အမှာကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)