သဲကုန်းမြို့နယ်၌ တိုင်းရင်းဆေးဦးစီးဌာနနှင့် ​မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အသိပညာဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းဆောင်ရွက်

သဲကုန်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊  နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီက အခြေခံပညာမူလတန်းကျောင်း(ညောင်ကုန်း)တွင် အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှလှရွှေက ဟောပြောပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်တိုင်းရင်းဆေး ဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမော်က တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာများ၊ တစ်ကိုယ်​ရည်သန့်ရှင်းမှုအ​​ကြောင်းအရာများ၊ မိုးရာသီတွင် အဖြစ်များသော ဝမ်ပျက်ဝမ်းလျှောရောဂါများနှင့် ရာသီတုတ်​ကွေးများအ​​ကြောင်း၊ ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဟောပြော​ဆွေး​နွေး​ပေးခဲ့သည်။

ထို့​နောက် ကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦးအား ရောဂါများ အခမဲ့စမ်းသပ်စစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်သောဆေးဝါးများလှူဒါန်းခြင်း ဆောင်ရွက်ပေးခဲ့ပြီး ​မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်လှလှ​ရွှေနှင့်အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ​ မုန့်များလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)