မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ ယနေ့နံနက် ၁၀ နာရီက () ရပ်ကွက်၊ စေတနာရှင်စာကြည့်တိုက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အောင်မြင်ရေးအတွက် ကော်မတီအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်စနစ်တကျရှိစေရေးအတွက် သုတ/ရသစာအုပ်များကို အခြေခံစာကြည့်တိုက်သင်တန်းမှာ ပို့ချခဲ့သည့်အတိုင်း ဆောင်ရွက်ထားရှိရန်၊ စာဖတ်/ စာငှားအသင်းဝင်တိုးတက်ရရှိစေရေး ဆောင်ရွက်ထားရှိမှုများကို မေးမြန်းဆွေးနွေးပြောကြားခဲ့ပြီး စေတနာရှင်စာကြည့်တိုက်ဥက္ကဋ္ဌ ဦးညီညီလွင်က စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင်စုစုပေါင်း (၆၀၀၀)ခန့်ရှိကြောင်း စာဖတ်/စာငှားတစ်ရက် (၁၅)ဦးခန့်ရှိကြောင်းနှင့် စာကြည့်တိုက်အား နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုသိပ္ပံကျမ်း အတွဲ()မှအတွဲ()အထိလှူဒါန်းရာ စေတနာရှင်စာကြည့်တိုက်ဥက္ကဋ္ဌနှင့် စာကြည့်တိုက်မှူးမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

မြမြဝင်း (ပြန်/ဆက်)