တောင်ငူမြို့ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သြဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့်ဇနီးအားအမှူးထား၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ သြဝါဒခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပသည်။