အလုံမြို့နယ်၌ ပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါ စစ်ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် နဂါးမောက်သီးများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသထွက်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးထားရှိရာ ယခုမိုးရာသီကာလထွက်ရှိသည့် နဂါးမောက်သီးများစိုက်ပျိုးရောင်းချလျက်ရှိရာ အသီးများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အောင်လံမြို့နယ်၊ ပြလို့မြို့၌ အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက်စာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ပြလို့မြို့၌ နိုင်ငံတော်လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်မည့် အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက်စာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပြလို့မြို့ အဆိုပါစာကြည့်တိုက် မြေနေရာတွင် ကျင်းပခဲ့သည်။

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ(အမျိုးသား) သုံးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ ဇူလိုင် ၂၄ ရက်နေ့တွင် (အမျိုးသား)သုံးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များ ကျင်းပလျက်ရှိသည်။

ရေဦးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် သန်ချဆေးတိုက်ကျွေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ် အခြေခံပညာဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်‌ရေးအသင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် သန်ချဆေးတိုက်ကျွေးခြင်း ပြုလုပ်‌‌ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

နတ်မောက်မြို့နယ် ကျောင်းကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး       

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းကုန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ၊ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် မှန်တန်းရပ်ကွက် ရှီတောင်ကြီးမောက်မယ် သနပ်ခါးအလုပ်ရုံ၌ ယမန်နေ့နံနက်၉း၃၀ချိန်က အဆိုပါအလုပ်ရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးမှ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့နယ်တွင် အပတ်စဉ် ဆီးချို၊ သွေးတိုးရောဂါရှင်များ ကြည့်ရှုကုသပေးခြင်းနှင့် အငြိမ်းစားနိုင်ငံ့၀န်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဆီးချို၊ သွေးတိုးလူနာများကို ကြည့်ရှုကုသပေးခြင်း၊ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့သည်။
Subscribe to