ဒဂုံ ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဆီးချို၊ သွေးတိုးလူနာများကို ကြည့်ရှုကုသပေးခြင်း၊ အငြိမ်းစားနိုင်ငံ့၀န်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပက်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ယင်နားစာအပါအဝင် မသန့်ရှင်းသော အစားအစာများအား စားသုံးခြင်းကိုရှောင်ကြဉ်ရန်၊ ရေကို ကျိုချက်၍သောက်သုံးရန်၊ လက်သန့်စင်ရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ရန်၊ ယင်လုံအိမ်သာများသုံးစွဲရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် စသည့်ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)