အောင်လံ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ပြလို့မြို့၌ နိုင်ငံတော်လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်မည့် အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက်စာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ပြလို့မြို့ အဆိုပါစာကြည့်တိုက် မြေနေရာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးသိန်း၊ ပြလို့မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ရတနာပန္နက်စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။ ထို့နော် အုတ်၊ သဲ၊ ကျောက်နှင့် မြေနေရာများကို ပြလို့မြို့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)