ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ(အမျိုးသား) သုံးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များကျင်းပ

တောင်ငူ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ ဇူလိုင် ၂၄ ရက်နေ့တွင် (အမျိုးသား)သုံးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များ ကျင်းပလျက်ရှိသည်။

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ(အမျိုးသား)သုံးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များကို ဇူလိုင် ၂၄ ရက်နေ့တွင် တောင်ငူပညာရေးဒီဂရီကောလိပ်အားကစားရုံ၌ ကျင်းပခဲ့ပြီး အနိုင်ရရှိသည့် အသင်းများဖြစ်သည့် သင်္ကန်းကျွန်းအသင်းနှင့် ပုသိမ်အသင်း၊ တောင်ငူအသင်းနှင့် မိတ္ထီလာအသင်းတို့ အကြိုဗိုလ်လုပွဲတွင် တွေ့ဆုံကြမည်ဖြစ်သည်။

ဇူလိုင် ၂၅ ရက်နေ့တွင် (အမျိုးသား)လေးယောက်တွဲ ပထမ၊ ဒုတိယအဆင့်၊ ရှုံးထွက်ပွဲစဥ်များ၊ ဇူလိုင် ၂၆ ရက်နေ့တွင် အကြိုဗိုလ်လုပွဲများ၊ ဇူလိုင် ၂၇ ရက်နေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ငူပညာရေးဒီဂရီကောလိပ်မှ သိရသည်။

ဇော်ကိုကို (တောင်ငူ)