ဘိုကလေးမြို့နယ် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အထင်ကရစေတီတော် တစ်ဆူဖြစ်သည့် ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၆ နာရီ အချိန်၌ စေတီတော်ဂေါပကအဖွဲ့မှဦးဆောင်ကာ ဘိုကလေးမြို့နယ် တာဝတိံသာစေတီတော်မြတ်ကြီး တည်ဆောက်ရေး၊ ဩဝါဒစရိယ ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်၊သံဃာတော်များ စုစုပေါင်းဆရာတော်၊ သံဃာတော် ၁၆ ပါးအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုပြုကြသည်။