ခန္တီးမြို့နယ်၌ အိမ်သုံးရေကန်များတွင် ကလိုရင်းဆေးခပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ခန္တီး ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးဝန်ထမ်းများက အိမ်သုံးရေကန်များတွင် ကလိုရင်းဆေးခပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေကြောင်းသိရသည်။

ကျန်းမာရေးဝန်ထမ်းများက ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရန် တစ်အိမ်တက်ဆင်း၍ အိမ်သုံးရေကန်များ၌ ရေများသန့်စင်အောင် ကလိုရင်းဆေးခပ်ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထုတ်ဝေထားသည့် မိုးရာသီကာလတွင် အဖြစ်များနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ရေသန့်များလိုက်လံဝေပေးခြင်း၊ နေမကောင်းဖြစ်နေသူများအား ဆေးထိုး၊ ဆေးတိုက်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)