အမှတ်၂ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

အမရပူရ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ မေတ္တာခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ ဟောပြောပွဲ၊ နံနံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွှေးမွှေးအုန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက လူငယ်ရေးရာ ခေါင်းစဥ်အောက်မှ ကျောင်းသားလူငယ်များ သိရှိနားလည်စေရန်၊ ဗဟုသုတ ရရှိစေရန်တို့အတွက် လူငယ်ရေးရာ ကိစ္စရပ်များကို ဟောပြောဆွေးနွေးခဲ့သည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူများ လေ့လာနိုင်စေရန် ကလေးအလုပ်သမား ပပျောက်ရေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်မားလာစေရေးကို ရည်ရွယ်၍ စာအုပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)