စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင် တန်းဆင်းပွဲပြုလုပ်

အောင်မြေသာစံ မတ် ၂၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ စခန်းအခြေပြုပြန်လည် ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၆)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၄ရက် နံနက် ၁၀ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၇၃ လမ်း၊ ၁၁လမ်းရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပပြုလုပ်ရာ  ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သင်းသင်းခိုင်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနေအောင်ကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စု၊ (မန္တလေး) တပ်ဖွဲ့စုမှူး ရဲမှူးသူဇာလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မန်နေဂျာ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ထက်အောင်နှင့်ဝန်ထမ်းများ၊ မန္တလေးလူငယ်သင်တန်းကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်းဗဟိုဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအတွင်းရေးမှူး ဦးမြင့်သန်းနှင့်ဗဟိုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောတာဝန်ရှိသူများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင်ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေက အမှာစကားပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဦးနေအောင်ကျော်က စခန်းအခြေပြုပြန်လည်ထူထောင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၆)သို့ တက်ရောက်ခဲ့ကြသော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် များပေးအပ်သည်။

ဆက်လက်၍ အလှူရှင်များမှ မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးအသင်း(မန္တလေး)အား အသင်းအဖွဲ့ထောက်ပံ့ကြေးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး၊ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြေကြား၍ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား (၁၆)ဦးတက်ရာက်ကြပြီး သင်တန်းကာလ ရက် ၇၀ ဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)