မိတ္ထီလာ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆို ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန ကျင်းပခဲ့ကြောင်း သိရသည်။

(၇၇)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာရွှေညာမြေမြတ်သင်းကြိုင်က ရှင်းလင်းပြောကြားခဲ့ပြီး အာဇာနည်နေ့အထိမ်းအနမှတ်ကဗျာများအား  ကျောင်းသူကျောင်းသားက  ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ ဆုရရှိကြသည့်ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုဆုများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်နှင့် တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခဲ့သည်။

အဆိုပါ(၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲကို အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသားကျောင်းသူ ၅၇ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)