ညောင်တုန်း ဇူလိုင် ၁၈
ဧရာ၀တီတ်ိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်နှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)ဥက္ကဋ္ဌ ဦးစန်းမြင့်တို့က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများစသည် အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှူရေး၊ ဗဟုသုတတိုးပွားရေး အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ ကဗျာများ၊ ကာတွန်းများပါဝင်သော နံရံကပ်စာစောင်ပြပွဲကို ကျင်းပရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားကြည့်ရှုလေ့လာခဲ့ကြ ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)