ရိတ်သိမ်းချွေလှေ့စက်မောင်းနှင် ပြုပြင် ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်

ရေကြည်  ဇူလိုင် ၁၈

ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် အမှတ်စဉ် (၁/၂၀၂၄)ရိတ်သိမ်းချွေလှေ့စက် မောင်းနှင်/ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)ခွဲနာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၁၇) စက်မှုလယ်ယာစခန်း၊  ရေကြည်မြို့၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ၊ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး (ကိုယ်စား) ရဲတပ်ဖွဲ့မှူး နိုင်စိုးက သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး သင်တန်းသား ( ၁ ) ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား(၃၅)ဦးအား သင်တန်းကာလ(၂)ပတ်၊ စာတွေ့/လက်တွေ့သင်ကြားချိန် အချိန်(၇၀)ဖြင့် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

 

မေသန့်ဇင်(ပြန်/ဆက်)