မြောက်ဥက္ကလာပ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို ဆုတောင်းပြည့် မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိကြသည်။
ထိုသို့ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရန် သံဃာ ၂၁၇ ပါး၊ သီလရှင် ၂၀ ပါး စုစုပေါင်း ၂၃၇ ပါး စာရင်းပေးသွင်းထားရာ မတ်လ ၂၅ ရက်နေ့က သီလက္ခန္ဓ၀ဂ္ဂပါဠိအဌကထာ(၁)အား ဖြေဆိုသံဃာ ၁၇၂ ပါး၊ သီလရှင် ၁၈ ပါး စုစုပေါင်း ၁၉၀ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၇ ပါး ပျက်ကွက်ခဲ့ကြောင်း သိရကြသည်။
အဆိုပါ စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီး ဆရာတော်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)