မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေးကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးသည်။                                  

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းတို့သည် တပ်ကုန်းမြို့နယ်သန့်ရှင်းရေးဆောင်ရွက်မှု၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ရေး ရန်ပုံငွေပေးအပ်ပွဲတက်ရောက်၊ မဲရုံများ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအတွင်း ရေးမှူး ဦးတိုးဝင်းတို့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့်တာဝန်ရှိသူများ၊ တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဗျိုင်းအင်းကျေးရွာအဝင်လမ်း သန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြပ်မတ်စစ်ဆေးခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ရပ်/ရွာ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် အမြဲမပြတ်ဆောင်ရွက်ရေး၊ အမှိုက်အမျိုးအစားအလိုက် ခွဲခြားစွန့်ပစ်သည့် အလေ့အထဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရေး ရှင်းလင်းမှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မဲရုံများ ခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦး‌နေဝင်းအောင်သည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အပိုင်း(၁)တွင် ပါဝင်သည့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ မဲရုံများ ခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေများကို  ယမန်နေ့က လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန်တိုင်းဒေသကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းသော ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး (အလွတ်တန်း) စက်ဘီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မဲရုံများ ပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

မြဝတီမြို့ပေါ် ရပ်ကွက်၊ ကျေးရွာ/တပ်နယ်မဲရုံ(၄၂)ရုံ ပြင်ဆင်ထားရှိမှုနှင့် မဲပေးစက်များ သတ်မှတ်ပုံစံအတိုင်း နေရာချထားမှုအခြေ အနေများ ကိုကွင်းဆင်း ဆောင်ရွက်

ကရင်ပြည်နယ်၊မြဝတီခရိုင်၊မြဝတီမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့နံနက် ၉နာရီ၌ သတ်မှတ်မဲရုံများ စီမံပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းစံလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဦး၊  ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းထက်နှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာတာဝန်ရှိသူများက  မြဝတီမြို့ပေါ်/ကျေးရွာများရှိ သတ်မှတ်မဲရုံ ပြင်ဆင်နေရာ ချထားမှုအခြေအနေနှင့် မဲပေးစက်နှင့်ဆက်စပ်ပစ္စည်းများ သတ်မှတ်ပုံစံအတိုင်း စီမံပြင်ဆင်ထားရှိမှု အခြေအနေများကို  ကွင်းဆင်းကြည့်ရှုစိစစ်ခဲ့ကြသည်။

တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တိုက်ကြီးမြို့နယ်အတွင်းရှိ မဲရုံများခင်းကျင်းထားမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုက်ကြီးမြို့နယ်အတွင်းရှိ မဲရုံများခင်းကျင်းဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက်များ တပ်ဆင်ထားမှု အခြေအနေများကို  ယမန်နေ့မွန်းလွဲပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အမျိုးသား(အလွတ်တန်း) ဖိတ်ခေါ်စက်ဘီးပြိုင်ပွဲအား ယမန်နေ့နံနက် ၅ နာရီက မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းမကြီး၊ သန္ဓေပင်ကျေးရွာအုပ်စု၊ Alpine သောက်ရေသန့်ဝင်းရှေ့တွင် ကျင်းပသည်။

ကသာမြို့တွင်မဲရုံများ ခင်းကျင်းပြင်ဆင်ထားမှုနှင့်စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်း‌ဆောင်ရွက်ထားမှုနှင့် စမ်းသပ်မဲ‌ပေးခြင်းများ‌ဆောင်ရွက်မှုတို့ကို ယမန်နေ့နံနက်(၉)နာရီက ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့များက ကွင်းဆင်း၍ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မရမ်းကုန်းမြို့နယ်ရှိ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေကို စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေး လိုက်လံစစ်ဆေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မဲရုံများကြိုတင်ပြင် ထားရှိမှုအခြေအနေအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to