လဲချားမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန် ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လဲချားမြို့နယ် ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသမှ ခေတ္တယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ဆီ၊ဆားနှင့် စားသောက်ကုန်ပစ္စည်းများ ကူညီထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လဲချားမြို့ မဟာမြတ်မုနိဘုရားကြီးတွင် ကျင်းပပြုလုပ်သည်။

ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်း ပရဟိတမိသားစုမှ တောဇွန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သောကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က တောဇွန်တဲတိုက်သို့ သောက်သုံးရေသွား ရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ ရေအလှူတော်အသင်းတာဝန်ရှိသူ ဦးဝင်းမင်းထွန်းထံက သိရသည်။

ဒေးဒရဲမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို  ပြည်သူများ သိရှိလိုက်နာရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဒေးဒရဲတံတားလမ်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် (၂၀) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၂၀) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ် ၁ နာရီ အချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၉၃ စင်တီမီတာ (၃)ပေ ကျော် မြင့်တက်နေသေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနေပြီး ယနေ့နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာအထက် ၉၃ စင်တီမီတာ(၃)ပေကျော်မြင့် တက်နေသေးကြောင်း ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လှနုထွေးထံက သိရသည်။

ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲက ရေဘေးသင့်ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန် သောက်ရေသန့်နှင့် ဓာတ်ဆားထုပ်များ ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ထူးကျေးရွာ၊ နန်းတော်ကျွန်းကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ကျွန်းကလေးကျေးရွာနှင့် ရေချမ်းစင်ကျေးရွာနှင့် မြင်းခြံစုကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရန်အတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲက သောက်ရေသန့်နှင့် ဓာတ်ဆားထုပ် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးတွင် ဝါဆိုကြာသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်အုပ်ကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအနီး တည်ထားကိုးကွယ်ထားရှိသော ပါဝါရုံရွှေပန်းမြိုင်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၈ နာရီက  ဝါဆိုကြာသင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် စပါးမျိုးများကို ပျိုးဗန်းများဖြင့် ပျိုးထောင်နေမှု၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ကာလမ်းဘေးနှစ်ဘက်တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနရုံးဝင်းအတွင်း မိုးစပါးစိုက်ပျိုးရန် အတွက် ဧက ၅၀ စာ ဆင်းသုခ၊ ဧရာမင်းနှင့် ထိုင်းနှံကောက် စသည့် စပါးမျိုးများကို ပျိုးဗန်းများဖြင့် ပျိုးထောင်နေမှု အဆင့်ဆင်ကို သွားရောက်ကြည့်ရှုအားပေးသည်။

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ)ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။
Subscribe to