ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေး

ဒက္ခိဏ မတ် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များ၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒက္ခိဏသီရိမြို့နယ် မီးသတ်ဦးစီးမှူး ဦးဝေလျှံထွေး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအသိပညာပေးခြင်း၊ ဆီထည့်နေစဥ်လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်များ စီတန်းရာတွင် ယာဉ်တစ်စီးချင်းအလိုက် ကားတစ်စီး စာချန်လှပ်၍ စီတန်းပေးရန်နှင့် ဆီဖြည့်နေစဥ်အတွင်း မီးသတ်ဆေးဘူးများ အသင့်ထားရှိရေး ‌မှာကြားဆောင်ရွက်ခဲ့ပြီး၊ စက်သုံးဆီဆိုင်များရှိ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)