ရပ်စောက်မြို့နယ်တွင် သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများအား သွင်းအားစုများပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုတို့မှ နောင်မိုင်းမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်းသားများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုးသော အသင်းသားများ၏ (၁၅၆)ဧကအတွက် (၃၁၂) သိန်းနှင့်ညီမျှသော သွင်းအားစုများနှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းမှ ထုတ်လုပ်သော စွမ်းထက်ဓာတ်မြေဩဇာများကို မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းတွင် ပေးအပ်ခဲ့ရာ