မြောင်းမြမြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ဝါဆိုသံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဝါဆိုသံဃာတော်များအားအရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲကို ယနေ့နံနက် ၅ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပလောင်းလှူခဲ့သည်။

ဖျာပုံမြို့နယ်တွင် ကျေးလက်နေ အမျိုးသမီးများဘဝ ဝင်ငွေတိုးတက်စေရေး၊ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျေးလက်နေ အမျိုးသမီးများဘဝ ဝင်ငွေတိုးတက်စေရေး၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူများ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန်နှင့် အမျိုးသမီးများဘဝဖွံ့ ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲကို ဇူလိုင်လ (၂၃) ရက်နေ့ နံနက် (၉) နာရီ ခွဲအချိန်က ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး ပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျုံပျော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုအား တာဝန်ရှိသူများက အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ယမန့်‌နေ့ညက မိုးရွာသွန်းမှုနှင့်အတူ လေပြင်းအနည်းငယ်တိုက်ခတ်ခဲ့သောကြောင့်  ‌ရေစခန်းတိုက်နယ်အတွင်းရှိ ကျုံပျော်-ဓနုဖြူသွား ကားလမ်းမပေါ်တွင်  လမ်းဘေးရှိသစ်ပင်များလဲကျခဲ့ပြီး မြို့နယ်သဘာဝဘေး ကယ်ဆယ်ရေးအဖွဲ့က အချိန်နှင့်တပြေးညီ ရှင်းလင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။

ကလေးမြို့နယ်စုပေါင်းရုံးတွင် မျိုးစေ့ချကိရိယာ (Drum seeder) များ ပေးအပ်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum seeder) ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကလေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား ဝန်ထမ်း (၁၀၀၈) ဦးတို့၏ ပင်စင်လစာငွေများ ပုံမှန်ဆက်လက်ထုတ်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ် (၂၁) ရက်နေ့မှစတင်၍ ပုံမှန်လစဉ်တိုင်း ထုတ်ပေးလျက်ရှိရာ ဇူလိုင်လ ၂၂ ရက်တနင်္လာနေ့၊နံနက် ၈ နာရီခွဲအချိန် ဆက်လက်ထုတ်ပေးလျက်ရှိသည်။

ကရင်ပြည်နယ် မိဇံမွေးမြူရေးဇုန်အတွင်း သစ်မျိုး ၁၁ မျိုးဖြင့် ပျိုးပင်ပေါင်း ၂၂၂၅ ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုး

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် သစ်မျိုး(၁၇)မျိုးဖြင့် စုစုပေါင်း(၂၇၀၀၀၀)ပင် စိုက်ပျိုးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါ ပျိုးပင်ပေါင်း(၂၁၆၉၁၀)ပင် ရာခိုင်နှုန်းအားဖြင့် ၈၀ ဒဿမ ၃၄ ရာခိုင်နှုန်းကို ဖြန့်ဝေစိုက်ပျိုးပြီးစီးခဲ့ပြီး ယနေ့နံနက်ပိုင်းက ၂၀၂၄ ခုနှစ် ပြည်နယ်အဆင့် မိုးရာသီ(စတုတ္ထအကြိမ်) သစ်ပင်စိုက်ပွဲအနေဖြင့် မိဇံမွေးမြူရေးဇုန်အတွင်း သစ်မျိုး ၁၁ မျိုးဖြင့် ပျိုးပင်ပေါင်း ၂၂၂၅ ပင်ကို လူထုလှုပ်ရှားမှုအသွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

လေးမျက်နှာမြို့နယ်တွင်  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦး‌‌တင်မောင်ဝင်းနှင့်အဖွဲ့က ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်စုကျေးရွာ၊ သောင်ဦးကျောင်းတိုက် ဓမ္မာရုံနှင့် အိုင်သပြုကျေးရွာ၊ မန်းကျောင်းဘုန်းတော်ကြီးကျောင်းတို့တွင် ရေဘေးကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့‌‌ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to