ပန်းတနော်မြို့နယ် အ.ထ.က (အင်းမ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က (အင်းမ) ကျောင်း၌ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးထားရှိမှု ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရာသီအလိုက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးထားရှိမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ စံပြကွက် ပေါ်ဆန်းရင်မျိုးစေ့ ထုတ်စိုက်ခင်းစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ စံပြကွက် ပေါ်ဆန်းရင်မျိုးစေ့ ထုတ်စိုက်ခင်းစိုက်ပျိုးခြင်းသရုပ်ပြပွဲကို တယ်ချောင်းကျေးရွာ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံဝန်းရှိ ကွင်းအမှတ် (၁၃၀)၊ ဦးပိုင်အမှတ် (၂၈) စံပြလယ်မြေ (၆) ဧကပေါ်၌ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် (၈) နာရီအချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။

မုံရွာစီးပွားရေးတက္ကသိုလ်၌ ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

မုံရွာစီးပွားရေးတက္ကသိုလ်၌ အရွယ်ရောက်သူတိုင်း နိုင်ငံတော်ကထုတ်ပြန်ထားသောဥပဒေများကို အကျွမ်းတဝင်ဖြစ်စေရန် အထူးအလေးထားရည်ရွယ်ပြီး ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ပင်မအဆောင် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်၌ ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ဝမ်းပျက်/ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ မြို့နယ်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ပြင်းထန်ဝမ်းပျက်/ဝမ်းလျှောရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားအား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သူများ တက်ရောက်ခဲ့ကြသည်။

တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်အတွင်းရှိ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ ဒုတိယအကြိမ် ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ကြံခင်းမြို့ရှိ ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ မြို့မအားကစားကွင်း မိုးလုံလေလုံခန်းမတွင် ကျင်းပပြုလုပ်သော ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား တက်ရောက်ကြသည်။

အ.ထ.က(၁) အလုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျောင်းသားလူငယ်များအနေဖြင့် စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့်အလေ့အထများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်စေရန်အတွက်ရည်ရွယ်ကာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက် ၁၀ နာရီက အလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
Subscribe to