သထုံ ဇူလိုင် ၂၃
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များအပါအဝင် ဆန်အရောင်းဆိုင်များ၌ ဆန်များသင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ယနေ့မွန်းလွဲပိုင်းက လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့နယ်အတွင်းရှိ Super Market, Mini Market များ၊ မြို့မဈေးနှင့် ရပ်ကွက်အသီးသီးတို့ရှိ ဆန်ဆိုင်များသို့သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ထားခြင်း ရှိ/မရှိ ကို လိုက်လံစစ်ဆေးပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့် ရောင်းချရေး၊ ဈေးနှုန်းမြှင့်ရောင်းချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)