ဒဂုံအရှေ့ ဇူလိုင် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒဌာနဘာသာရပ်ဆိုင်ရာဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်ဒေါက်တာဒေါ်စန်းစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး (အငြိမ်းစား)ပါမောက္ခဌာနမှူး ဒေါက်တာရီရီမြင့်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ကုန်ထုတ်ဓာတုဗေဒဌာနမှ ပါမောက္ခဒေါက်တာစိုးဝင်းက ဖတ်ကြားပေးခဲ့သည်။
ထို့နောက် "Food Safety for Human Health "ခေါင်းစဉ်ဖြင့် (အငြိမ်းစား)ပါမောက္ခဌာနမှူး ဒေါက်တာရီရီမြင့်ကပြောကြားရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိသော အစားအသောက်များ၊ အစားအသောက်များမှ တဆင့်စားသုံးသူများ၏ကျန်းမာရေး ထိခိုက်စေသည့် ရေတို/ရေရှည်ပြင်းထန်သော ဘေးအန္တရာယ်များဖြစ်ပေါ်ခြင်းကို တားဆီးသည့်စနစ်ဖြစ်ပါကြောင်း၊ အစားအသောက်၏အရည်အသွေးများအကြောင်းကို ဟောပြောခဲ့ပြီး ကျောင်းသား/သူများက မေးခွန်းများမေးမြန်းခဲ့ရာ ပါမောက္ခဆရာမကြီးက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပါမောက္ခဌာနမှူးဒေါက်တာဒေါ်ရီရီမြင့်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ