ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီဲးဌာနမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကျင်းပ

ဘီးလင်း ဇူလိုင် ၂၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများမှ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက် ၆ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို သံဃာတော်အရှင်သူမြတ်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူအောင်နှင့် ဝန်ထမ်းမိသားစုများက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး တောင်ပေါ်ကျောင်းတိုက် ဆရာတော် ဥူးဝိမလထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ ယင်းနောက် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းမိသားစုဝင်များက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္တုအစုစုတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ပြီး တောင်ပေါ်ကျောင်းတိုက်ဆရာတော်က ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်းပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)