ဘီးလင်း ဇူလိုင် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဘီးလင်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့( အ.ထ.က) ကန်သာယာကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် (အ.ထ.က)ကန်သာယာကျောင်းအုပ်ဆရာကြီးဦးဝင်းသူက အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုခရိုင်ဦးစီးမှူးဦးအောင်ကျော်မင်းက စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအကာအကွယ် ပေးရေးဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် ဥပဒေပါပြဋ္ဌာန်းချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအားဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ရုံးဝန်ထမ်းများက ဌာန၏လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)