သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစားဝန်ထမ်းများအား အခမဲ့စစ်ဆေးပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (အမျိုးသား)နှစ်ယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်နေ့မှစတင်၍ (အမျိုးသား)နှစ်ယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များ ကျင်းပလျက်ရှိသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၄-၂၀၂၅ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မေလ(၂၀)ရက်နေ့ကစပြီး စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၃ ရက်နေ့ထိ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၄၇၃၄ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေးအတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကံမမြို့နယ်မှ ရေဘေးသင့်ပြည်သူများအား ဆန်များ ထောက်ပံ့

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်များကို ကံမမြို့နယ်မှ ရေဘေးသင့်ပြည်သူများသို့ ပေးအပ်ပွဲအခမ်းအနားအား ယမန်နေ့ နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မွေးမြူရေးဇုန် ဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု

နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးလုပ်ငန်းတွင် အဓိကအခန်းကဏ္ဍဖြစ်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍသည် အ‌ရေးပါသော လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် နန်းကုန်းကျေးရွာအုပ်စု၊ ငဖိန်းအင်းတွင်းအတွင်း မွေးမြူရေးဇုန် စီမံကိန်းဆောင်ရွက်မည့်နေရာသို့ ယမန်နေ့ နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ ပြည်နယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး  နံရံကပ်စာစောင်ပြသ  

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက်  လူကုန်ကူးမှုအန္တရာယ် တားဆီးကာ ကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌  ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးနှင့်ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်  

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေး‌ရောဂါကြိုတင်ကာကွယ်‌ရေးနှင့် ဝမ်းပျက်ဝမ်း‌လျှောရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်‌သော အဘိတ်ဆေးခတ်ခြင်း၊ ဆေးမှုတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့်လိုက်လံအသိပေးနှိုးဆော်ခြင်း၊ ရေလှောင်ကန်များတွင် ကလိုရင်း‌ဆေးခတ်ပေးခြင်းများကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးများ၊ ၀န်ထမ်းမိသားစုလိုင်းခန်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းဘေးဈေးများစသည့် ပြည်သူများစုဝေးရာနေရာများတွင် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ သွားလာရ အဆင်ပြေစေရေး   မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း  ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်းအား  ကတ္တရာခင်းခြင်းလုပ်ငန်း   ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သိရသည်။
Subscribe to