ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (အမျိုးသား)နှစ်ယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကျင်းပ

တောင်ငူ ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖလား ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ဇူလိုင် ၂၀ ရက်နေ့မှစတင်၍ (အမျိုးသား)နှစ်ယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များ ကျင်းပလျက်ရှိသည်။

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ မိုးရာသီပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ (အမျိုးသား)နှစ်ယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များကို ယမန်နေ့တွင် တောင်ငူပညာရေး ဒီဂရီကောလိပ်အားကစားရုံ၌ ဆက်လက်ကျင်းပလျက်ရှိရာ (အမျိုးသား)နှစ်ယောက်တွဲ အကြိုဗိုလ်လုပွဲအဖြစ် မုံရွာအသင်းနှင့် ရန်ကင်းအသင်း၊ သင်္ကန်းကျွန်းအသင်းနှင့် မြောင်းမြအသင်းတို့ တွေ့ဆုံကြမည်ဖြစ်သည်။

ယနေ့တွင် (အမျိုးသား)သုံးယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များ၊ ဇူလိုင် ၂၅ ရက်နေ့တွင် (အမျိုးသား)လေးယောက်တွဲ ပထမ၊ ဒုတိယအဆင့် ရှုံးထွက်ပွဲစဉ်များ၊ ဇူလိုင် ၂၆ ရက်နေ့တွင် အကြိုဗိုလ်လုပွဲများ၊ ဇူလိုင် ၂၇ ရက်နေ့တွင် တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း တောင်ငူပညာရေးဒီဂရီကောလိပ်မှ သိရသည်။

ဇော်ကိုကို (တောင်ငူ)