သံတောင်ကြီး ဇူလိုင် ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် လူကုန်ကူးမှုအန္တရာယ် သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာ ကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးခြင်းဆိုတာဘာလဲ၊ လူကုန်ကူးသူက ဘာလုပ်သလဲ၊ လူကုန်ကူးသူက ဘယ်လိုလုပ်ဆောင်လဲ၊ လူကုန်ကူးခြင်းအမျိုးအစား၊ လူတွေဟာ ဘာကြောင့်လူ ကုန်ကူးခံရသလဲ၊ လူကုန်ကူးသူတွေရဲ့နည်းလမ်း၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ် ရမည့်ဖုန်းနံပါတ်များစသည့် အကြောင်းအရာများအား ပြသပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သံတောင်ကြီးမြို့နယ်ရုံးအနေဖြင့် နေ့ထူးနေ့မြတ်နှင့် အခါအားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ