နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

နတ်မောက် ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေးအတွက် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ပေါ်တွင် သုတ/ရသစာအုပ်များနှင့် ကလေးငယ်များ ကြိုက်နှစ်သက်သော ပုံပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းကြိုက်နှစ်သက်သူများအတွက် မဂ္ဂဇင်းစာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့သည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်၊ စာအုပ်စာပေကို ချစ်မြတ်နိုးစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ အရောက်သွား၍ စာအုပ်စာစောင်များကို ရက်သတ္တပတ်နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များလဲလှယ်၍ ငှားရမ်းပေးလျက်ရှိသည်။

လှဝင်း