ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာငှားလုပ်ငန်းများ ဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ စာပေဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ နယ်လှည့်စာငှားလုပ်ငန်းများကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ ပျဉ်းမနားခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့သည်။

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၉) နာရီက အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်တို့၏ သတ်မှတ်နေရာများတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေသည် စိုးရိမ် ရေမှတ် (၇၅၀စင်တီမီတာ)အထက်သို့ ကျော်လွန်ရောက်ရှိလာပြီး ဘားအံမြို့ရှိ မြေနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ မြစ်ရေများ ဝင်ရောက်လာသည့်အတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ပေးနိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ ထပ်မံကျဆင်းလာသဖြင့် အိမ်ထောင်စုများ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် အိမ်ထောင်စုများအနက် ဧရာဝတီမြစ်ရေသည် (၉၁.၃)ပေသို့ ထပ်မံကျဆင်းခဲ့သဖြင့် အိမ်ထောင်စုအချို့ မူလနေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာပြီဖြစ်သဖြင့် ယာယီပြောင်းရွေ့စျေးသည်များ မြို့မစည်ပင်သာယာစျေးသို့ ပြန်လည်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွှေတောင်မြို့မစျေးအတွင်း ရေဝင်ရောက်ပြီး ယာယီစျေးပြောင်းရွေ့ခဲ့ရာမှ ယခုအခါ ခေတ္တယာယီပြောင်းရွေ့စျေးသည်များ မြို့မစည်ပင်သာယာစျေးသို့ မူလနေရာများတွင် ပြန်လည်ရောင်းချလျက်ရှိသည်။

ညောင်ဦးမြို့နယ် တောင်ဘကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ အာဟာရတိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် တောင်ဘကျေးရွာရှိ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် ၁၁ နာရီက ကြက်သားဆန်ပြုတ် အာဟာရတိုက်ကျွေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး သယံဇာတ‌ရေးရာဝန်ကြီး မြိတ်တက္ကသိုလ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနား တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး သယံဇာတ‌ရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ တိုင်းဒေသကြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက်(၉)နာရီက ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ပန်း​တောင်းမြို့နယ်တွင် ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ယာယီပိတ်ထားရသော အ​ခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင်လ (၁၅) ရက်နေ့မှစတင်၍ ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် မြေနိမ့်ပိုင်းရှိ ရေဝင်ရောက်သည့် အခြေခံပညာကျောင်း (၃၆) ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံး (၁) ရုံးတို့အား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

အမ်းမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများ၀င်ရောက်ကာ မြို့ပေါ်ရပ်ကွက်များရှိ အနိမ့်ပိုင်းမှ လူနေအိမ်များ ရေနစ်မြုပ်လျက်ရှိ

အမ်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ယနေ့နံနက်ပိုင်းမှစ၍ အမ်းချောင်းမှရေများ ၀င်ရောက်သဖြင့် မြို့ပေါ်ရပ်ကွက်နှင့်အနိမ့်ပိုင်းရှိ လူနေအိမ်များ ရေနစ်မြုပ်လျက်ရှိသည်။

ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့အထိ ကျေးရွာအုပ်စု (၂၈) အုပ်စု၊ တောင်သူ (၄၀၇၀) ဦးအား ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
Subscribe to