မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကျိုက်မရောမြို့နယ်၊ ဓမ္မဿကျေးရွာရှိ မီးလောင်ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ၌ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ်များအား ပြန်လည်တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ သာသနာ ၂၅၀၀ ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။