ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး အသိပညာပေး ဟောပြောပွဲ၊ ပန်းခင်းစီမံချက်အဆင့်(၃)နှင့် Biometric ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အသိပညာပေး ဟောပြောပွဲနှင့် ပန်းခင်းစီမံချက်အဆင့် (၃)၊ Biometric ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီက  အဆိုပါမြို့နယ်ရှိ (ဈ) ရပ်ကွက်၊အ-ထ-က (၂၇)ကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပသည်။      

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာတွင် စိုက်ပျိုးရေရရှိရေး ဆိုလာရေတင်စနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကောက်ရိုးမြေဆွေးပြုလုပ်ခြင်း သရုပ်ပြသမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာအုပ်စု၊ မယ်ဇလီကုန်းကျေးရွာ၊ ကွင်းအမှတ်(၁၆၆၉)တွင် ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သည့်စိုက်ပျိုးရေရရှိရေးအတွက် ပေ ၂၀၀ စက်ရေတွင်း ဆိုလာရေတင်စနစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆိုလာရေတင်စနစ်ဖြင့် အကျိုးပြုမည့် စိုက်ဧကများကို ရှင်းလင်းတင်ပြကြသည်။

မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် လူငယ်လူရွယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်  အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက် စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉) နာရီက ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်မြစ်ရေမြင့်တက်ခြင်းကြောင့် အဖျောက်-ဥတို-တိုက်ကြီး ကားလမ်းရေကျော်ပြီး ကားလမ်းဘေးမြေသားပြိုကျ၍ သဲအိတ်များဖြင့် ကာရံ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် လှိုင်မြစ်ရေမြင့်တက်လာခြင်းကြောင့် အဖျောက်-ဉတို-တိုက်ကြီးကားလမ်းမှာ ရေကျော်ပြီး ရေတိုက်စားခြင်းကြောင့် ကားလမ်းဘေးမြေသားများ ပြိုကျခဲ့သဖြင့် သဲအိတ်များဖြင့် ကာရံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့်‌ လူနာနေအိမ်များနှင့် ပတ်ဝန်ကျင်များ၊ ဈေးများအား ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုများနှင့်အတူ လိုအပ်ချက်များ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးရှောင်ကူညီကယ်ဆယ်ရေးစခန်းများ၌ ယာယီ‌ရွှေ့ပြောင်းနေထိုင်ကြသည့်‌ ရေဘေးရှောင်ပြည်သူများအား ဇူလိုင်လ ၁၀ ရက်က စတင်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

တနင်္သာရီမြို့နယ်အတွင်း မြစ်ရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ယာယီပိတ်ထားရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ဇူလိုင်လ ပထမပတ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ တနင်္သာရီမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ကို ယာယီပိတ်ထားရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်၍ စာအုပ်စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်းများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ရေဘေးရှောင်ပြည်သူများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သူများအား ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သူများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ့ ၄ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to