ညောင်ဦး ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
စာအုပ်လှူဒါန်းအခမ်းအနားတွင် ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က ညောင်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စံညီစာကြည့်တိုက်များသို့ သုတ/ရသစာအုပ်များ လှူဒါန်းပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။ ပြီးနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များသို့ သုတ/ရသ စာအုပ်များအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦးနှင့် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်တို့က စံညီစာကြည့်တိုက် (၆) တိုက်အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဒီပါလင်း